ကြွရောက်လာကြသော ညီအကိုမောင်နှမအားလုံးကို မုံရွာသားလေး မှ ကြိုဆိုပါတယ်ခင်ဗျာ

Wednesday, September 24, 2014

ပြည်ပကို ဈေးသက်သက်သာသာနဲ့ဖုန်းခေါ်နိုင်တဲ့ဆော့ဝဲလေး "Call Lite apk

ပြည်ပက  ကြိုးဖုန်းတွေ မိုဘိုင်းဖုန်းတွေကို အင်တာနက်ကနေဖုန်းခေါ်နိုင်တဲ့ ဖုန်း Call ဆော့ဝဲတွေလိုက်ရှာကြည့်တာ ဈေးသက်သက်သာသာနဲ့ဖုန်းခေါ်နိုင်တဲ့ဆော့ဝဲလေး "Call Lite" ကိုသွားတွေ့တယ်။ ဆော့ဝဲနာမည်က "ခေါ်လိုက်" Call Lite လို့ခေါ်ပါတယ်။ မြန်မာဆော့ဝဲလေး...
ပါပဲ။ iOS အတွက်ရော Android အတွက်ပါ ရရှိနိုင်ပါတယ်။ ဒီဆော့ဝဲလေးအသုံးပြုဖို့အတွက် Viber ဆော့ဝဲကို Activate လုပ်သလိုပဲ ကိုယ့်ဖုန်းနံပါတ်နဲ့ Register လုပ်ရပါတယ်။ ဖုန်းထဲကို Activation Code ပြန်ပို့ပေးပြီး ယင်း code နဲ့ Register လုပ်လိုက်ရုံပါပဲ။ တခြားသူဆီဖုန်းခေါ်ရင် ဟိုဘက်ဖုန်းမှာ တခြားနံပါတ်တစ်ခုနဲ့ပေါ်ပါတယ်။ ဒီဆော့ဝဲလေးနဲ့ မြန်မာပြည်ကိုဖုန်းခေါ်ကြည့်တာ တော်တော်လေးဈေးသက်သာတာကို
တွေ့ရပါတယ်။တစ်မိနစ်ကို စင်ကာပူဒေါ်လာ ၀.၁၃ ပဲကျပါတယ်။ မိနစ် (၆၀) ဖုန်းပြောမှ စင်ကာပူ ၈ ဒေါ်လာခန့်ပဲကျသင့်ပါတယ်။ တခြားနိုင်ငံတွေကနေလည်း ဒီဆော့ဝဲကိုအသုံးပြုပြီးဖုန်းခေါ်နိုင်ပါတယ်။
မည်သည့်နိုင်ငံကဖုန်းကိုမဆိုဖုန်းခေါ်နိုင်တာကိုတွေ့ရပါတယ်။ ဒီဆော့ဝဲထဲမှာ Credit အနေနဲ့ငွေဖြည့်လိုလျှင် ငွေဖြည့်ကဒ်/ Paypal / Bank Card များကိုအသုံးပြုပြီး ငွေပြန်ဖြည့်နိုင်တာကိုလည်းတွေ့ရပါတယ်။ နိုင်ငံခြားရောက်မြန်မာတွေရော မြန်မာပြည်ထဲက Users တွေရောသုံးစွဲကြည့်သင့်တဲ့ ဆော့ဝဲလေးတစ်ခုဖြစ်ပါတယ်။ ခေါ်လိုက် (Call Lite) ဆော့ဝဲကိုအသုံးပြုကြည့်လိုတယ်ဆိုရင်တော့ အောက်က link များမှာရယူနိုင်ပါတယ်။

For iOS >> https://itunes.apple.com/us/app/call-lite/id875728775?mt=8


For Android >> https://play.google.com/store/apps/details?id=com.callLite.dialer&hl=en
ဖုန်းဆော့ဝဲနှင့် နည်းပညာအမျိုးမျိုး's photo.

 
 
ဖုန်းဆော့ဝဲနှင့် နည်းပညာအမျိုးမျိုး's photo.

No comments:

Post a Comment